မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟ စနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်
Jul 28,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်လုံးရဲ့ ဂေဟစနစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေး၊ လေပြင်းဒဏ်ခံနိုင်တဲ့ သစ်မျိုးများ စိုက်ပျိုးခြင်းဖြင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်း ကာကွယ်ရေးစတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။