ဟုမ္မလင်း၌ မြို့နယ်ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းမှကြီးမှူး၍ ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊ က၊ ရေး၊ တီး) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းကကြီးမှူး၍ ဖွင့်လှစ်သော ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊က၊ရေး၊တီး) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ခရိုင်ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးငွန်ဘွလ်ထန်၊ ဟုမ္မလင်းခရိုင် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များ၊ ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်လွင်မြင့်၊ ရှမ်းရိုးရာယဥ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျိုနှင့် နည်းပြဆရာများ(တောင်ကြီး)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရိုးရာရွှေကိန္နရီ၊ ရိုး​ရာရွှေကိန္နရာများနှင့် ကန်တော့ပွဲပန်ဆင်၍ အခမ်းအနား ဖွင့်လှစ်ကာ ဟုမ္မလင်းခရိုင် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေမှအမှာစကားပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား၊ အဆိုပါသင်တန်းအတွက် အလှူငွေကျပ်သိန်း (၂၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားကာ ရှမ်းရိုးရာ၊ ယဥ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျို (တောင်ကြီး)မှ မိတ်ဆက်စကားပြောကြားပြီး ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဥ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်လွင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊က၊ရေး၊တီး) သင်တန်းကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ သင်တန်းသား/သင်တန်းသူ (၁၃၇) ဦးအား နေ့ပိုင်း၊ ညပိုင်းနှင့်ညနေ(၁၆:၀၀)နာရီမှ (၁၉:၀၀)နာရီအထိကို ဟုမ္မလင်းမြို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဟုမ္မလင်းကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၇) ဦး စုစုပေါင်း (၁၉၄) ဦးအား ရှမ်းရိုးရာယဥ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျိုနှင့် နည်းပြဆရာများ(တောင်ကြီး)တို့မှ ဇူလိုင်လ (၇) ရက်နေ့မှ (၁၇)ရက်နေ့အထိ (၁၀) ရက်ကြာ ၊သင်ကြားဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)