မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်

မင်းလှ    ဇူလိုင်     ၈

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးကုသပေးခြင်းများကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က KG မှ Grade-5 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) က KG မှ Grade-5 ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကုသမှုခံယူရန် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်း ဆေးကုသမှုများပေးခဲ့သည်။ ထို့နောက်  KG နှင့် Grade-1 ကျောင်းသား၊ ကျောင်းသူ(၅၁)ဦးအား သွားတိုက်တံနှင့် သွားတိုက်ဆေးများဖြန့်ဝေ၍ စနစ်မှန် သွားတိုက်နည်းကိုလည်း လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့သည်။ ကျောင်းကျန်းမာရေး စစ်ဆေးခြင်း ကို မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန နှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းအိမ်သာစစ်ဆေးခြင်း၊ သောက်သုံးရေစစ်ဆေးခြင်း၊ ကျောင်းမုန့် စျေးတန်းများစစ်ဆေးခြင်း ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းစသော ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)