မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ နွေစပါးများ ရိတ်သိမ်းလွန်၍ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရိတ်သိမ်းခြွေလှေ့ စက်များဖြင့် ဝန်ဆောင်များပေး

ကျောက်ဆည် ဇူလှိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး စပါးသီးနှံကိုအဓိထားစိုက်ပျိုးကြပြီး  ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွေစပါး ၃၅၅၉ ဧက စိုက်ပျိုးခဲ့ပြီး မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ နွေစပါးများ ရိတ်သိမ်းလွန်၍ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် နွေစပါး ၃၄၁၇ ဧက၊ ကင်းတား ဆည်ရေသောက်စနစ်ဖြင့် ၁၄၂ ဧက၊ စုစုပေါင်း ၃၅၅၉ ဧက စိုက်ပျိုးခဲ့ပြီး ယခုအခါ နွေစပါးများ  ရိတ်သိမ်းချိန် ရောက်ရှိနေပြီး အချိန်နှင့်တစ်ပြေးညီ မရိတ်သိမ်းနိုင်ဘဲ မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းလွန်ကာ စပါးများ လေ့လွင့်ဆုံးရှုံးမှုမရှိရေး ရိတ်သိမ်းခြွေလှေ့စက် များဖြင့် နေ့စဉ်ရက်ဆက် ဝန်ဆောင်မှုများ ပေးလျက် ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ဝန်ဆောင်မှုများပေးသည့်အတွက် နွေးစပါးများ အချိန်တိုအတွင်း ရိတ်သိမ်းနိုင်ပြီး မိုးစပါးများစိုက်ပျိုးရန် အချိန်မီမြေပြုပြင်ခြင်းများ ပြုလုပ် သည့်အတွက် တောင်သူများအတွက် များစွာအဆင်ပြေကြောင်း အင်တိုင်းကျေးရွာမှ တောင်သူ ဦးသောင်းစိန်က ပြောပြသည်။

သက်မောက်(ကျောက်ဆည်)