ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေးဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်‌နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက မြို့နယ်အစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကန်ကြီးထောင့် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြိုနယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ‌‌ဒေသခံပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ထားခဲ့ရသည်။

ယခုအခါကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေဘေးရှောင်စခန်း (၁၀) ခုအား ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၁၉၇) စု၊ လူဦးရေ (၈၀၀) အား ယာယီရွှေ့ပြောင်းထားရှိခဲ့သည်။ အဆိုပါ ယာယီရေဘေးရှောင်စခန်း (၁၀) ခုအနက် လေးဆူကျေးရွာအုပ်စုနှင့် ရွေးကျေးရွာအုပ်စုတို့တွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်း (၂) ခုဖြစ်သည့် လေးဆူဓမ္မာရုံနှင့် ရွေးဘုန်းတော်ကြီးကျောင်းသို့ ‌‌‌‌‌‌‌‌‌‌‌ယာယီပြောင်းရွေ့နေထိုင်နေရသော ဒေသခံပြည်သူများအား ဇူလိုင်လ (၂၈) ရက်နေ့ ညနေ့ (၄) နာရီအချိန်က မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင်သောအဖွဲ့များက မြို့နယ်အစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့များက အဆိုပါယာယီရေဘေးရှောင်စခန်း(၂)ခုတွင် ပြောင်းရွေ့နေထိုင်နေရသော အိမ်ထောင်စု (၁၂) စုတို့အတွက် တစ်အိမ်ထောင်လျင်ဆန် ၁ ပြည်၊ ဆီ ၅၀ သား၊ ရေသန့် ၁ဗူး၊ ခြောက်ဆွဲခြောက်၂ ထုတ်၊ နှစ်ပြန်ကြော် ၁၀ သါးစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)