သတင်းများ

သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး
Aug 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ငပုတောမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို  ယနေ့နံနက် (၉)နာရီအချိန်က ငပုတောမြို့နယ်အတွင်းရှိ၊ မြို့မထရန်စဖော်မာမှ 400V ဓာတ်အားလိုင်းတစ်ဖီဒါရှိ B phase ကြိုးများအား လဲလှယ်‌ပေးခြင်း စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ရေဝင်သည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရေဝင်သည့်ဒေသများသို့ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြော
Aug 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ) သင်တန်းအမှတ်စဉ်(၄/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Aug 02,2024
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှဦးစီး၍ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင်  ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့  နံနက်(၁၀) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသဖြင့် အခြေခံပညာကျောင်း(၁၃)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည် ကျဆင်းလာသည့်အတွက် ယနေ့တွင် အခြေခံပညာကျောင်း(၁၃)ကျောင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်း(၉၁)ကျောင်း ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Aug 02,2024
ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီ ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။