သတင်းများ

ဘိုကလေးပညာရေးဒီဂရီကောလိပ်ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ အရုဏ်ဆွမ်းလောင်းလှူ
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့နံနက်(၅)နာရီအချိန်၌ဘိုကလေးပညာရေးဒီဂရီကောလိပ်မှဝန်ထမ်းများ၊ သင်တန်း သား၊ သင်တန်းသူများစုပေါင်း၍ မြို့နယ်တွင်းရှိ သံဃာကျောင်းတိုက်ပေါင်း (၅၃)ကျောင်းမှ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများအား အာရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။
ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 02,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက်၈နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရသော စံမညီ Batch No ဖြင့် ဆေးဝါးများကို ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်း ငြင်းပယ်ခဲ့ရာ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် ၎င်းစံမညီဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် သီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်
Aug 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၁၇၁ လုံးနှင့် တောင်သူများ၏ သီးနှံစိုက်ဧက ၃၀၀၀၀ ကျော် ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
သန့်ရှင်းသောသောက်သုံးရေးများ ဖူလုံစွာသုံးစွဲနိုင်ရေး ကျောက်ဆည်မြို့နယ် တုံလုံကျေးရွာနှင့် ကောင်းတင်ကျေးရွာတို့တွင် ရေဂါလံ (၂၄၀၀)ဆံ့ အမြင့်ရေစင်များ ဆောက်လုပ်ပေး
Aug 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သန့်ရှင်းသောသောက်သုံးရေလွယ်ကူစွာ သုံးစွဲနိုင်ရေး တုံလုံကျေးရွာနှင့် ကောင်းတင်ကျေးရွာတို့တွင် ရေဂါလံ(၂၄၀၀)ဆံ့ အမြင့်ရေစင်များ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် လက်လုပ်အုတ်အသုံးများလာ၍ ငှားရမ်းလုပ်ကိုင်လာသူမိသားစုများ အဆင်ပြေ
Aug 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင်ဒေသခံပြည်သူများသည် အိမ်ဆောက်လုပ်ရန်နှင့် ခြံစည်းရိုးများအုတ်တံတိုင်းခတ်ရန်အတွက် မြေအုတ်များအစား လက်လုပ်အုတ်များ အသုံးပြုမှု ပိုမိုများပြားလာ၍ လက်လုပ်အုတ်ငှားရမ်းလုပ်ကိုင်သူ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ (ဒုတိယအကြိမ်) ယူရီးယား(Urea)ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ
Aug 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်မရောမြို့နယ် ရေကြီးနစ်မြုပ်မှုတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများသွားလာမှုအဆင်ပြေစေရန် လှေများဖြင့်ကူညီဆောင်ရွက်ပေး
Aug 02,2024
မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး  အတ္တရံမြစ်ရေမြင့်တက်မှုကြောင့်  ဇူလိုင် ၂၅ ရက်နေ့မှ ယမန်နေ့နံနက်အထိ မြစ်ရေများသည် မြို့နယ်မီးသတ်ရုံးမှ ကြက်​ခြေနီအသင်းရုံးကြားရှိ လမ်းပိုင်းနေရာတွင် ပေ ၅၀၀ ခန့် ရေအနက် ၂ ပေခွဲခန့်  လမ်းရေကျော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရေးကိရိယာများ ရေစိုပျက်စီးမှုမရှိစေရန်နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီး ဦးတင်သောင်းဦးနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ဖြူစင်နှလုံးသားပရဟိတလူငယ်အဖွဲ့များက လှေများဖြင့် နံနက် ၇ နာရီမှစတင်ကာ အကြိုအပို့ပြုလုပ်ပေးလျက်ရှိ​ ကြောင်းသိရသည်။