ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေများအားကြည့်ရှု
Aug 02,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၁ နာရီက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ရောက်ရှိပြီး ဘုရားငူအုပ်စု၊ လဖျော်ပင်ကျေးရွာအနီး မိုးညို- မင်းလှ ကားလမ်းဘေး (ဆပုဂံကျေးရွာမှ ပေါက်ကုန်းကျေးရွာအထိ အရှည်(၅)မိုင်ရှိ ) ဆပုဂံ ရေကာတာဘေးတွင် မြစ်ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုခဲ့ပြီး မြစ်ရေဝင်ရောက်မှုနှင့် တာများခိုင်ခန့်အောင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။