ရေတာရှည်မြို့နယ်၌ ရေစီးရေလာကောင်းမွန်မှုရှိစေရေး ကွင်းဆင်းကြည့်ရှု
Aug 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေဖုံးလွှမ်းနိုင်ခြေရှိသည့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ လမ်းများ၌ ရေမြောင်းများ၊ ဂုံးပေါက်များ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။