မင်းဘူး(စကု)မြို့ နယ်၌ မန်းချောင်းရေဝင်ရောက်မှုကြောင့် လူဦးရေပေါင်း ၁၁၀၀ ကျော် ရေဘေးသင့်
Aug 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများ အဆက်မပြတ် ရွာသွန်းပြီး မန်းချောင်းရေဝင်ရောက်မှုများကြောင့် မန်းချောင်းအောက်ပိုင်းရှိ မြေနိမ့်ပိုင်း စကုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဩဂုတ်လ ၂ ရက်နေ့က မန်းချောင်း ရေကြီးမှုဖြစ်ပွားကာ လူဦးရေပေါင်း ၁၁၀၀ ကျော် ရေဘေးသင့်ပြီး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။