သတင်းများ

မိုးနဲမြို့နယ် ကုန်းကျောင်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Aug 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၇ ဒသမ ၄၆၆ သန်းဖြင့် ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာကုန်ထုတ်လမ်း အရှည်နှစ်မိုင်၊ အကျယ် ၃၂ ပေ နှင့် လမ်းဘေး(ဝဲ/ယာ) ရေမြောင်းအနက်နှစ်ပေ၊ အကျယ်နှစ်ပေဆောင်ရွက်နေမှုကို နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများထောက်ပံ့
Aug 05,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်မြန်မာ့တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်၌ စည်ပင်သာယာရေးရန်ပုံငွေဖြင့် ရွှေစေတီမိုးကုတ်ရိပ်သာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင်ဆောင်ရွက်မှု (၁၀၀)ရာခိုင်နှုန်း ပြီးစီး
Aug 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် ရွှေစေတီမိုးကုတ်ရိပ်သာလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့  ရန်ပုံငွေဖြင့် မြေသားလမ်းကျောက်စရစ်လမ်းမှသည် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့၌ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ဆုပေးပွဲအခမ်းအနား ပြုလုပ်
Aug 05,2024
(၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (မြို့နယ်အဆင့်) ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို    ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ရပ်စောက်မြို့နယ်၌ ဒေသဝက် ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်‌စောက်မြို့နယ်တွင် ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာဓမ္မာရုံ၌ ပြုလုပ်သည်။
ကျွန်းလှမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေး
Aug 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ရောဂါဘယကင်းဝေးစေရန်အတွက် ကာကွယ်ဆေးများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမားရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၁)တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းတွင် မီးလောင်မှုဖြစ်ပွား
Aug 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်းတွင် တိုက် (၂/E-1)ရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော မြိုင်ကြေးအိုးဆီချက်ဆိုင်တွင် ယမန်နေ့ နံနက် (၁၁:၁၅) နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့်  မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ရာ  နံနက် (၁၁:၂၄)  နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်းသိရသည်။