မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ်၌ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့်  တည်ဆောက်ရေးလုပ်ငန်းများလျာထားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး

ထက်မင်းလှ   ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ လျာထားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဌာနဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ လျာထားနိုင်ရေးအတွက် ဌာနဆိုင်ရာများမှဌာနအလိုက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေသဖွံ့ဖြိုး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေး လုပ်ငန်းများပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလမ်းတံတားများ တည်ဆောက်ခြင်းပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းအစီအမံများအား လျာထားတင်ပြရန်ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဥ်အလိုက်‌ ‌‌ဆွေးနွေးခဲ့ကြရာ  ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလုပ်ငန်းဆောင်ရွက်မည့် ကဏ္ဍတစ်ခု ချင်းအလိုက် လျာထားချက်များကို တင်ပြဆောင်ရွက်ရန်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ သည်။

ဆက်လက်၍  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဌာနဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်‌ ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)