ကံမမြို့နယ်၌ လမ်းဘေးဝဲယာစိမ်းလန်းစိုပြေရေး ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ကံမ ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၏ ဦးဆောင်မှုဖြင့် သစ်မယ်ဇီကျေးရွာအုပ်စု  ဒါန်းကိုင်း ကျေးရွာအနီး ကံမ-ပြည်လမ်းတလျှောက်  မိုင်တိုင်အမှတ်(၄/၆)မှ (၅/၀)အကြားနှင့်  မြို့ဝင်ဖြတ်လမ်း မိုင်တိုင်အမှတ် (၀/၀)မှ (၂/၄) အကြားတို့တွင် ၂၀၂၄-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း အမှုထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ စုစုပေါင်း (၃၃၁)ဦးတို့က ကျွန်းပင်(၅၀၀)၊ ပျဉ်းကတိုး (၂၀၀)နှင့် တမာပင် (၈၀၀) စုစုပေါင်း ပျိုးပင် (၁၅၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)