ရေတာရှည်မြို့နယ်၌ ရေစီးရေလာကောင်းမွန်မှုရှိစေရေး ကွင်းဆင်းကြည့်ရှု

ရေတာရည် သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေဖုံးလွှမ်းနိုင်ခြေရှိသည့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ လမ်းများ၌ ရေမြောင်းများ၊ ဂုံးပေါက်များ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထို့သို့စစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများ၊ ရေဝင်ရောက်နိုင်သည့်အခြေခံပညာကျောင်းများနှင့် မြို့တွင်း၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ဆဲလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)