ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကျိုက်ထို ဩဂုတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုပြိုင်ပွဲ ဆု‌ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ကျောင်းကျန်းမာရေးနှင့် ပတ်သက်သည့်ပြိုင်ပွဲများ ပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲများမှာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိမေးခွန်းပြိုင်ပွဲ မူလတန်းအဆင့် အစာအုပ်စု (၃)စု ပန်းချီပြိုင်ပွဲများ ဖြစ်ကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)