လိပ်သို ဩဂုတ် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့၊ အမှတ်(၁)ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေနှင့် ရင်းနှီးမှုရှိစေရန် သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာ သယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ လာရောက် မငှားရမ်းနိုင်သည့် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန် သုတ/ရသ စာအုပ်များ သယ်ဆောင်၍ ဌာနဆိုင်ရာ ရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့ အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)