အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Aug 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရန်ကုန်စက်မှုဇုန်နှင့် ပျဉ်းမပင်စက်မှုဇုန်တို့တွင် ယမန်နေ့က အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲကို Musung Garment Co.,Ltd(အထည်ချုပ်စက်ရုံ)နှင့် စိမ်းလန်းသောနယ်မြေသစ်(အထည်ချုပ်စက်ရုံ)တို့မှ အလုပ်သမားများအား အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။