သတင်းများ

ကံမမြို့နယ်၌ မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ကျေးရွာအုပ်စု(၃၃)အုပ်စု ထုတ်ချေးပြီးစီး
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ငွေကျပ်သိန်းပေါင်း (၂၇၀၀၀)ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၃၃)အုပ်စုမှ တောင်သူ(၃၆၂၅)ဦး၏ မိုးစပါး စိုက်ဧက(၉၈၀၂)ဧက၊ နှမ်း စိုက်ဧက(၁၁၁၇)ဧကနှင့် ပဲတီစိမ်း စိုက်ဧက(၃၈၀)ဧကတို့အတွက် စုစုပေါင်း ငွေကျပ်(၁၆၂၀၀)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသင်းဝင်များနှင့် ဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Aug 13,2024
ပျော်ဘွယ်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ် အ.ထ.က(ပန်းတောင်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Aug 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံဖွံ့ဖြိုးတိုး​တက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က အ.ထ.က(ပန်းတောင်း)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ
Aug 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားပြီး ဥာဏ်ရည်ဥာဏ်သွေး သွက်လက်ထက်မြတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ၊ ဥာဏ်ရည်မြှင့်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။
အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 13,2024
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လူငယ်‌ရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)နှင့် အားကစားနှင့်ပညာရေး ပေါင်းစပ်အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ"ကို ယနေ့နံနက် (၉:၃၀)နာရီအချိန်က အားကစားနှင့် ကာယပညာဦးစီးဌာန ကြက်တောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Aug 13,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
အောင်လံမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာကြည့်တိုက်များဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု
Aug 13,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။