သတင်းများ

ချောင်းသာမြို့ ဝါသနာတူ အသင်းအဖွဲ့များ စုပေါင်းပြီး စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး
Aug 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝါသနာတူအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) မြန်မာပြန်သည့် ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ အခြေခံပညာအလယ်တန်း(လေ့ကျင့်ရေး)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်
Aug 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း(လေ့ကျင့်ရေး)ရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက်ရောက်ပူဇော်
Aug 14,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ပူဇော်ထားသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ပေး
Aug 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)သာယာဝတီ၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 14,2024
မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မကွေးမြို့ မဲထီးလမ်းရှိ ဝင်းဟိုတယ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ မန်နေဂျာနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု လုပ်ငန်းများဆောင်ရွက်
Aug 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊  မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပသည်။
ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအားကွင်းဆင်းစစ်ဆေး
Aug 14,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက (အ.လ.က) ချမ်းမြသာမြေတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။