လဟယ်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show )ကျင်းပ

လဟယ် ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး‌နေ့အထိမ်းအမှတ် အသိပညာပေး(Talk show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာလဟယ်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပီတာ သိုင်ဆောမ်ဟောက် နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံ-၂ ဦးပါမင်းလိုင်တို့က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ရည်ရွယ်ချက်၊ အိုဇုန်းလွှာဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာကို ဘယ်အရာတွေကြောင့်ပျက်စီးစေလာမှု၊ အိုဇုန်းလွှာပျက်စီးလျှင် ဖြစ်ပေါ်လာမည့် အ‌ကျိုးဆက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာပေး ဗဟုသုတများတိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အွန်လိုင်းစနစ်ဖြင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)