သတင်းများ

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 13,2024
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင်‌ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်
Aug 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာလာသူများ စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဗုဒ္ဓဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Aug 13,2024
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်
Aug 13,2024
ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Aug 12,2024
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Aug 12,2024
ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှတ်(၄)ရပ်ကွက် မူလတန်းလွန်ကျောင်း၌ ယနေ့နံနက်ပိုင်းက ရာသီတုပ်ကွေးရောဂါအကြောင်း ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ဟင်္သာတမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြော
Aug 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ကျောင်းသား/သူများအကြား  ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတိုးပွားလာစေရန်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်၁၀ နာရီအချိန်တွင် ဟင်္သာတမြို့နယ် မရမ်းချိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အ.မ.က(မရမ်းချို)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်​။