လှည်းကူး သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း(လေ့ကျင့်ရေး)ရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အ.လ.က(လေ့ကျင့်ရေး)ကျောင်းမှ ကျောင်းသား/သူ(၁၆၆)ဦးအား အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးပေးပြီး ကျောင်းသား/သူ(၄၈)ဦးအား သွားနုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)