ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအားကွင်းဆင်းစစ်ဆေး

ပေါင် ဩဂုတ် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်၊ သထုံခရိုင်မြေစာရင်းဦးစီးဌာနမှ ဦးကျော်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်စွာလှိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးသန်းညွန့်ဦးတို့သည် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောစပါးပင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်ခဲ့သည့် လက်ပံတောကျေးရွာ၊ မုတ္တမကျေးရွာ၊ မှော်ဘီကျေးရွာ၊ နတ်မှော်ကျေးရွာစသည့် ကျေးရွာ(၄)ရွာရှိ ရေကြီးနစ်မြုပ်ဧရိယာ(၁၂၃၂၆)ဧက၊ ရေကြီးနစ်မြုပ်ပြီးပြန်လည်ပေါ်လာသည့် ဧက(၁၂၃၂၆)ဧကတွင် ထိခိုက်ပျက်စီးဧက(၂၄၅၆)ဧက၊ ပျက်စီးသွားသည့်ဧက(၁၄၁၆)ဧကရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)