တာချီလိတ်မြို့၌ ဒုတိယအကြိမ်ရေကြီးရေလျှံမှု ဖြစ်ပွား
Aug 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ် ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး တောင်ကျရေများစီးဆင်းမှုကြောင့် နမ့်ယွန်းချောင်း ရေကြီးရေလျှံပြီး ယမန်နေ့ ည ၇ နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။