ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ပေါင်းတည် သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် အသိပညာပေး ဟောပြောပွဲ၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် လစဉ် ဟောပြောပွဲများနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးလုပ်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် အ-မ-က (၃၇)လမ်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးဆုစံက ဟောပြောသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်ခေါင်းစဉ်ဖြင့် မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးခဲ့​ရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး ပါ၀င်ရေးသား ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ယင်းနောက် အသိပညာပေး စာအုပ်စာစောင်များနှင့် သဘာ၀ဘေးအန္တရာယ်၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင် ပြပွဲပြသပေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြသထားသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)