တာချီလိတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ် ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး တောင်ကျရေများစီးဆင်းမှုကြောင့် နမ့်ယွန်းချောင်း ရေကြီးရေလျှံပြီး ယမန်နေ့ ည ၇ နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရေချိန်သည် ၃၂.၃၅စင်တီမီတာ ကျော်လွန်သောကြောင့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(ခ)၊ ဆန်ဆိုင်း(က)နှင့် မယ်ခေါင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမကြီး အပါအဝင် လမ်းများနှင့် လူနေအိမ်များသို့ ရေဝင်ရောက်ပြီး ယနေ့ နံနက်ပိုင်းအထိ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၄ ရက်နေ့ထိ ပထမအကြိမ် ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)