သတင်းများ

ပန်းတနော်မြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ
Dec 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ချောင်းကလေးတွင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကိုယူကြမည့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။
နတ်တလင်းမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉း၃၀ နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊အလယ်တန်းမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်အဆောက်အဦအသစ်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 13,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ နိုင်းပြိုင်/ ဘဲရမ်းကျေးရွာများ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ချောင်းဆုံမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ဓါတ်ပုံပြပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်
Dec 13,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ သိရှိနားလည်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်နေ့နံနက် (၁၀) နာရီက ကုလားဘီ-ရွာမ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 13,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ်၊ အဆင့်မြင့်မင်္ဂလာဈေး၌ မီးဘေးလုံခြုံရေးဆိုင်ရာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်
Dec 13,2024
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရွာတော်အဆင့်မြင့်မင်္ဂလာဈေး၌ ပွင့်လင်းရာသီတွင် မီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်
Dec 13,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း (မူလွန်) (ကြိမ်ခြုံ) ကျောင်းနှင့် အခြေခံပညာမူလတန်း (မူလွန်) (အုတ်ပုံ) ကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကဝမြို့နယ် အ.မ.က (မူလွန်) ကံကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Dec 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အ.မ.က (မူလွန်) ကံကုန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။