မိုင်းဖြတ် ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက် ညနေပိုင်းက ကျိုင်းတုံပြည်နယ်ပညာရေးမှူး (ရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်နှင့် တာဝန်ရှိသူများသည် နားလီးစာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ စာသင်ဝိုင်းသို့ ကြည့်ရှုအားပေးရာတွင် ကျိုင်းတုံပြည်နယ်ပညာရေးမှူး (ရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဖြိုးတင်ဇာကိုနှင့် တာဝန်ရှိသူများသည် နားလီးသင်ဝိုင်တွင် စာသင်သားများ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်ဝိုင်းအတွက် ထောက်ပံ့ငွေနှင့် အချိုရည်၊ မုန့်များကိုပေးအပ်ခဲ့ပြီး စာကိုအချိန်မှန်မှန်လေ့လာကြိုးစားသင်ယူရေးအတွက် အားပေးစကားများ ပြောကြားခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် အခြေခံစာတက်မြောက်ရေးလုပ်ငန်းကို နားလီး၊ ပါပူး၊ တောင်းပိုကျေးရွာတို့တွင် စာသင်ဝိုင်း ၃ ဝိုင်းဖြင့် စာသင်သား (၃၂) ဦးကို သင်ကြားပေးလျက်ရှိပြီး ဇွန်လ (၂၂) ရက်နေ့မှစတင်ကာ ဇူလိုင်လ (၃၁) ရက်နေ့အထိ ရက်ပေါင်း (၄၀) ကြား၊ နာရီပေါင်း (၁၂၀) အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)