မောက်မယ် ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ထူးချွန်ထက်မြက်သောအနာဂတ် မျိုးဆက်သစ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာ စေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက် (၉) နာရီက စဥ့်ဆိုင်ကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က ကျောင်းသား/ကျောင်းသူလေးများ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ် စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအားဖတ်ရှုစေခဲ့ရာ ပလတ်စတစ်သုံးစွဲမှုလျော့ချရန်နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းလျှော့ချရေးအတွက် ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ပလတ်စတစ်အသုံးပြုမှုလျော့ချရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)