ဒီဇင်ဘာအားကစားလ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

ရေဦး ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဒီဇင်ဘာ အားကစားလပြိုင်ပွဲများအနေဖြင့် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် မီတာ ၅၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ သံပုရာသီးဇွန်းကိုက်၊ ထိုင်ခုံလုပွဲ၊ ဆန်ကောရွက်လမ်းလျှောက်ပြိုင်ပွဲ၊ ပူ‌စီပေါင်းဖောက်ပြိုင်ပွဲ၊ ခြေအိတ်စွပ်အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ နံပါတ်ရွေးပွဲ၊ ချိုချဉ်ကောက်အပြေးပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦယမင်းနိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်၊ မြို့နယ်မစဖအဖွဲ့၀င်များ၊ ပညာရေးဌာနတာ၀န်ရှိသူများက ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများ၊ အသင်းလိုက်ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ဗလငါးတန်ဖွံဖြိုးရေးအတွက် အထောက်အပံ့ရရှိစေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)