မိတ္ထီလာ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ ဦးစီးကျင်းပသော မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်က သီးကုန်းကျေးရွာ ဦးပိုင်အမှတ် ၁၉၀/၁၊ ကွင်းအမှတ် ၈၈၂ ရှိ တောင်သူ ဦးဖိုးထောင်၏ မိုးစပါး (YSR) စိုက်ဧက ၁.၅၈ ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
မိုးစပါး (YSR) စံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်စိုးရွှေ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသီးကုန်းကျေးရွာရှိ တောင်သူ ဦးဖိုးထောင်၏ စိုက်ဧက ၁.၅၈ ဧကရှိ ကောင်းအဆင့်အလွှာ မိုးစပါး (YSR) ကို ရိတ်သိမ်းခဲ့ရာ မိုးစပါး (YSR)စိုက်ဧက တစ်ဧက စပါးတင်း(အစို) ၁၀၅ တင်း ထွက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)