ဇမ္ဗူသီရိမြို့နယ်တွင် အမှတ် (၁၃၈) အခြေခံပညာမူလတန်းလွန်‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၃၈) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အောင်ချမ်းသာ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေကိုစဉ်ဆက်မပြတ်ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း ဟောပြောခဲ့ပြီး ဉာဏ်စမ်းအမေး အဖြေကဏ္ဍတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ အသိပညာ‌ပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)