မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းရှိ ဒူဝါခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေး‌ဟောပြောပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားပြီး အင်ဂျန်းယန်မြို့နယ် ဦးစီးအရာရှိဦးကျော်စိုးနိုင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က အနာဂတ်အတွက်စာဖတ်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အဆိုပါကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)