လမ်းမတော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

လမ်းမတော် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က(၁)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မမချိုက ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျောင်းသား/သူလေးများအား စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူလေးများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာပြီး သုတ/ရသစာအုပ်စာစောင်များကိုလည်း ငှားရမ်းပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား အသိဉာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ ကျောင်းသား/သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှု စွမ်းရည်များတိုးတက်မြင့်မားလာစေရေးတို့အတွက် ယခုလိုဟောပြောပွဲများကို စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်