သနပ်ပင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

သနပ်ပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရုံး(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းကျင်းပပြုလုပ်သည်။

မြို့ကြီးတွင် အချိန်ကုန်၊ ငွေကုန်ခံ၍သင်ကြားရမည့်အသက်မွေးဝမ်းကြောင်းပညာရပ်ကို ယခုလိုအချိန်တိုအတွင်းသင်ကြားပေးသည့်အတွက် အိမ်တွင်တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သည့်အပြင် အလုပ်လက်မဲ့ပြဿနာအား တစ်ဖက်တစ်လမ်းမှဖြေရှင်းပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို (၁)ရက်ကြာသင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား ၁၂ ဦးအား အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆပ်ပြာ ပြုလုပ်နည်းသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)