လပွတ္တာခရိုင်၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း သင်ကြားပို့ချ

လပွတ္တာ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့သစ်ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ(၆)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ထုတ်ကုန်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ထိုသင်တန်းကို ဇန်နဝါရီလ(၆)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးဖြင့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ကြိုးချည်နည်း၊ ရေတွင်အသက်ကယ်ဆယ်နည်း၊ မျောက်ကူးနည်းစနစ်၊ ပက်လက်ကူးနည်းစနစ်၊ ရှဉ့်ကူးနည်းစနစ်၊ နှစ်ယောက်တွဲကြိုးဆင်းခြင်း၊ ဇောက်ထိုးဆင်းခြင်းနှင့် ခုန်ဆင်းနည်းစနစ်များ သင်ကြားပို့ချလျက်ရှိကြောင်း လပွတ္တာခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)