သတင်းများ

ဇလွန်မြို့နယ်တွင် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားပြုလုပ်
Jan 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာခရိုင်၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း သင်ကြားပို့ချ
Jan 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့သစ်ရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဇန်နဝါရီလ(၆)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Jan 16,2025
နိုင်ငံ၏ အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရား ကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.လ.က ရေကန်ကျောင်းနှင့် အ.မ.က မင်းလမ်းကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အုပ်ချုပ်ရေး၊ ပညာရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကျင်းပ
Jan 16,2025
၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံ‌ရေးရုံးမှ လုပ်ငန်းခွင်အတွင်းထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်ထုတ်ပေး
Jan 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Jun Sheng အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား၏ လုပ်ငန်းခွင်အတွင်းထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့်ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထုတ်ပေးခဲ့သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jan 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၁၆) ရပ်ကွက်ရှိ ရဲထောက်ပံ့ရေးဌာနကြီး၊ ရဲတပ်ဖွဲ့ဆိုင်ရာပစ္စည်းများ ထိန်းသိမ်း/ထုတ်ပေးရေးဌာနစုတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် DCP မီးသတ်ဆေးဘူးများ အသုံးပြုနည်းများကို ဟောပြော ရှင်းလင်းပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ညောင်လေးပင်မြို့၌ သမဝါယမအသင်းစုမှ နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ
Jan 16,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမ အသင်းစုရုံးခန်းမ၌ ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့၌​ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကျင်းပ
Jan 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့်ယဥ်ကျေးမှုကော်မတီမှ စီစဥ်ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကို ယမန်နေ့ ည(၄)နာရီအချိန်က ဟုမ္မလင်းမြို့၊ နန်ဖွတ်မော်ရပ်ကွက်၊ နာဂရိုးရာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။