ကျိုင်းတုံမြို့ စွမ်ခမ်းစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်

ကျိုင်းတုံ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ စွမ်ခမ်းစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် စွမ်ခမ်းစေတီတော်တွင် ကျင်းပသည်။

အခမ်းနားတွင် စွမ်ခမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမစိတ္တနှင့် ဆရာ‌တော်သံဃာ‌တော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဂေါပကအဖွဲ့များက စွမ်ခမ်းစေတီတော်မြတ်ကြီးအား ရွှေ(အစစ်)သင်္ကန်းတော်များ စတင်ဆက်ကပ်တင်လှူ ပူဇော်ကြသည်။

ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဆရာတော်ကြီးများထံ ဩဝါဒခံယူပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှ ဝါးငြမ်းထိုးခြင်းနှင့် လုပ်ငန်းအသီးသီး စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ရွှေသင်္ကန်း‌တော် စတင်ဆက်ကပ်လှူဒါန်းပြီး  ဇန်နဝါရီ ၃၁ ရက်အထိ ရွှေ ၄၉ ကျပ်သား သင်္ကန်းတော်များဖြင့် အပြီးသတ် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)