ဆီဆိုင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade–5 သင်ကြားသင်ယူမှု အရည်အသွေး မြှင့်မားရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးလှဝင်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအား မိမိတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြရန်၊ အကျိုးရှိအောင်သင်ယူကြရန်တို့ကို အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးချစ်ရဲက ဆွေးနွေးပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade–5 သင်ကြားသင်ယူမှု အရည်အသွေးမြှင့်မားရေးဆွေးနွေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ၊ ဆရာမ (၆၀၀)ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ဆရာမ (၄၂)ဦးက Grade–5 ဘာသာရပ်စုံဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၄)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)