ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန် ဉာဏ်စမ်းသုတပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၆

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းသုတပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ဉာဏ်စမ်းသုတပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ အထိမ်းအမှတ်နေ့များအလိုက်ပြုလုပ်သည့် ပြိုင်ပွဲများ၌ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပသည်။

အဆိုပါပြိုင်ပွဲ၌ အလယ်တန်းအဆင့် ဉာဏ်စမ်းသုတပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)