မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပမည်

မိတ္ထီလာ ဇန်နဝါရီ ၁၆

မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများအနက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အဆင့်ပြိုင်ပွဲများဖြစ်သည့် ဆောင်းပါးပြိုင်ပွဲအား ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ကျပန်းစကားပြောပြိုင်ပွဲအား ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ကဗျာရေးစပ်ပြိုင်ပွဲအားဖေဖော်ဝါရီလ ၅ ရက်နေ့တို့တွင်လည်းကောင်း၊ အခြေခံပညာအဆင့်ပြိုင်ပွဲများဖြစ်သည့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲအား ဖေဖော်ဝါရီလ ၃ ရက်နေ့၊ အထက်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲအား ဖေဖော်ဝါရီလ ၅ ရက်နေ့နှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲအား ဖေဖော်ဝါရီလ ၆ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။  ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာကျောင်းများ၏ တာဝန်ရှိသူများတဆင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူကြသူများအား မိတ္ထီလာမြို့၌ ကျင်းပမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ