လဲချား ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ အ.ထ.က(ခွဲ)နောင်မိန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ပါသည်။
အခမ်းအနားကို ကျောင်းသား/သူလေးများမှ "ပညာရေး" တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြမြစန်းမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုနှင့် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)