သတင်းများ

ဥတ္တရသီရိမြို့နယ်၌ ဆန်၊ ဆီနှင့် အခြေခံစာသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Aug 25,2024
နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့မွန်းလွဲပိုင်းက  ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Aug 25,2024
နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့မွန်းလွဲပိုင်းက  ရောင်းချပေးခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများ၏ လယ်မြေများတွင် စပါးဖျက်ပိုးကျရောက်မှု ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူများ၏ လယ်မြေများတွင် စပါးဖျက်ပိုးကျရောက်မှု ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကတုံးပေါ်အလယ်ကျေးရွာ ဦးမြင့်သန်း၏ လယ်မြေနေရာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ကိုယ်ဝန်ဆောင် သွားကျန်းမာရေးနှင့် ကိုယ်ဝန်ဆောင်မိခင်အန္တရာယ်လက္ခဏာများ ကင်းဝေးရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 25,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင် သွားကျန်းမာရေးနှင့် ကိုယ်ဝန်ဆောင်မိခင်အန္တရာယ်လက္ခဏာများ ကင်းဝေးရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။
ကဝမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်‌ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ
Aug 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်  ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့‌သည်။
ရေတာရှည်မြို့နယ်၌ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးနှိုးဆော်ချက် ဆိုင်းဘုတ် စိုက်ထူ
Aug 25,2024
တောင်ငူခရိုင် ရေတာရှည်​မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း သိရှိနိုင်ရန်  ကာကွယ်ရေးနှိုးဆော်ချက် အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးရုံဝန်းအတွင်းနှင့် မြို့နယ်စည်ပင်သာယာရေးစျေးများတွင် စိုက်ထူထားလျက်ရှိသည်။
သထုံမြို့နယ်၌ မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း မြေစိုက်ပိုစတာစိုက်ထူခြင်းများဆောင်ရွက်
Aug 25,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး ပညာပေးမြေစိုက် ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်း အသိပညာ‌ပေးဆွေးနွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ပေါင်းတည်မြို့နယ် အ-ထ-က(မြို့မ)၌ မိုးရာသီ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Aug 25,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) အားကစားကွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပသည်။