ဇလွန်မြို့နယ် အ.ထ.ကသပြုကွင်းတွင် လူငယ်စကားဝိုင်းပြုလုပ်

ဇလွန် ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၁၄ မွန်းလွဲ ၂ နာရီတွင် အ.ထ.က သပြုကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.ကသပြုကွင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း​၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ Grade-12(A)မှ ကျောင်းသား မောင်ဇင်မောင်မောင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11(B)မှ ကျောင်းသား မောင်စိုးမိုးအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11(A)မှ ​ကျောင်းသူ မရီရီနိုင်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12(B)မှ ​ကျောင်းသား မောင်အောင်ကိုကိုဝင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြ​ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို ခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အဆိုပါစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြ​​သည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)