မိတ္ထီလာမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ပေါက်ပင်သာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် (ဒေသစပ်မျိုး) နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပေါက်ပင်သာကျေးရွာမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်းအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စီမံကိန်းကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြကြရာ မြို့နယ်ဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ပင်သာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် အစုအဖွဲ့(၄)စုမှ သမဝါယမအစုအဖွဲ့ပုံစံဖြင့် (ဒေသစပ်မျိုး) နို့စားနွားမွေးမြူခြင်းကို တစ်ဖွဲ့လျှင် (၄)ကောင်စီဖြင့် စုစုပေါင်း(၄)ဖွဲ့မှ (၁၆)ကောင် မွေးမြူထားကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)