သတင်းများ

ပန်းတောင်းမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်မောင်မယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြို ကျပန်းစကားပြော​​ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Aug 24,2024
မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့လှူငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပလုပ်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်
Aug 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေမြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှ နေအိမ် ၂၀၀ ခန့်အတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သန်လျင်ခရိုင် မျောက်ကျောက်ရောဂါကာကွယ်ရေး ညှိနှိုင်းဆွေးနွေး
Aug 24,2024
သန်လျင်ခရိုင်မျောက်ကျောက်ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
မင်းလှမြို့၌ လူကုန်ကူးမူတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အ‌ကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က သရက်တပင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂ဝ၂၄-၂ဝ၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၏ စီမံကိန်းအတိုးရငွေ (၅ဝ%)ဖြင့် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Aug 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၄-၂ဝ၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၏ စီမံကိန်းအတိုးရ ငွေ (၅ဝ%)ဖြင့် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချခြင်းအခမ်းအနားကျင်းပ
Aug 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇနခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက လျာထားစိုက်ပျိုး
Aug 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဝါသီးနှံ စသည် သီးနှံများကို စီမံကိန်းသီးနှံအဖြစ် အထွက်နှုန်းကောင်းမွန်ရေး၊ စိုက်ဧကများ တိုးပွားစေရေး တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီး၌ မိုးချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ကြောင်းနှင့် ချည်မျှင်ရှည်ဝါသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။