မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

အထက်မင်းလှ ဇန်နဝါရီ ၁၇

မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် စာသင်ကြားနေကြရမည့် အရွယ်ကလေးသူငယ်များ စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ရောက်ရှိနေကြခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၁(ခ)၊ ဥပဒေပုဒ်မ (၁၀၃)(ခ)(၁)နှင့် ဥပဒေပုဒ်မ(၁၀၃) စသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေး၊ လူငယ်၊ လူရွယ်၏အဓိပ္ပါယ်ဖော်ပြချက်နှင့် ကလေးအလုပ်သမားဆောင်ရွက်သည့် ကာတွန်းပုံများဖြင့် လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)