ရွှေသောင်ယံ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃)ရပ်ကွက် အ.မ.က (၁၃၀)ဂျိုင်ကြီးကျောင်းတွင် ယနေ့ နေ့လည်ပိုင်းက ရက် (၁၀၀)စီမံချက်အရ ကျောင်းသား၊ ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းကို ရွှေသောင်ယံမြို့ ကျန်းမာရေး ဌာနခွဲရှိ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ မျက်စိအမြင် အာရုံကိုစစ်ဆေးပေးခဲ့ပြီး မျက်စိကျန်းမာရေးဆိုင်ရာ အသိပညာများကိုလည်း ဟောပြောပေးခဲ့သည်။
ထိုပြင်လိုအပ်ပါက ဆက်ကုသမှုခံယူနိုင်ရန်လိုအပ်သော လမ်းညွှန်မှုများကိုလည်း ပေးအပ်ခဲ့ ကြသည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ၏ မျက်စိကျန်းမာရေး ကောင်းမွန်စေရေးမျက်စိရောဂါကိုစောစီးစွာရှာဖွေနိုင်ရေးနှင့် စာသင်ကြားမှုစွမ်းရည်များတွင် မျက်စိကြောင့်အခက်အခဲမရှိ ကောင်းမွန်စွာသင်ကြားနိုင်ရေးရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ကိုကိုမောင်