သတင်းများ

ခမောက်ကြီးမြို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်
Jul 09,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်းကျောင်း(ယုဇန)ရှိ ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။
တံတားဦး မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ လူယ်စကားဝိုင်းကျင်းပ
Jul 09,2026
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်ကို ဇူလိုင် ၈ ရက်  မွန်းလွဲ ၂နာရီက တံတားဦးမြို့၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ခွဲ) အမှတ်(၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ​ကွင်းဆင်းဆောင်ရွက်
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို အ.ထ.က(ခွဲ) အမှတ်(၁)ကျောင်း၌ ယနေ့နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဘားအံမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်
Jul 09,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ် အိန္ဒုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပေါင်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရထားလမ်းကူး (Level Crossing) များ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 09,2026
မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်း အသုံးပြု သွားလာနေကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ဆည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး
Jul 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၉ ရက် နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မန္တလေးမြို့မှ ရဲမှူး ခင်မာဝင်းနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး(တောင်ပိုင်း) မန္တလေးမြို့)မှ ရဲအုပ် စောနိုင်ထွေးနှင့် အဖွဲ့ဝင်များ၊ နည်းပြ/သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း လူဦးရေ ၈၆၀ ခန့် တက်ရောက်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။ 
လှည်းကူးမြို့နယ်၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၏ လမ်းညွှန်မှုအရ ဒါးပိန်ကျေးလက် ကျန်းမာရေးဌာနအပိုင်အတွင်းရှိ အ.လ.က(ခွဲ) ရှမ်းတဲကြီးကျောင်းတွင် ရက်(၁၀၀)အတွင်းရှိ ဆောင်ရွက်ရမည့် အကျိုးပြုလုပ်ငန်းစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်း ဟောပြောခြင်းကို လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။