လပွတ္တာ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာရှိ Aqua King Group Company Limitedမှ အလုပ်သမားများအား မြောင်းမြမြို့နယ် လူမှုဖူလုံရေးရုံးမှရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) ဖြင့်ကွင်းဆင်း၍ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိဒေါ်မိုးသန္တာအေးနှင့် တာဝန်ရှိသူများက မြောင်းမြမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသောအလုပ်ဌာန (၃၂) ဌာနမှအလုပ်သမား(၃၄၁)ဦးတို့အား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကိုကွင်း ဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်